မကွေးကုန်စည်ဒိုင်တွင်တစ်ပတ်အတွင်းပဲမျိုးစုံ စျေမြင့်တက်
ရက်စွဲ၊ ၆.၇.၂၀၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးကုန်စည်ဒိုင်တွင်ပဲမျိုးစုံတိုးအရောင်းအဝယ်ဖြစ််လျှက်ရှိရာ တစ်ပတ်အတွင်းကာလတူ (၂၉.၆.၂၀၂၂)ရက်နေ့ စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက၊ ပဲစဉ်းငုံနီ(၂၀)ပိဿာ (၁) တင်းလျှင် ယခင်နေ့(၄၄၀ဝဝ)ကျပ်၊ ယနေ့(၄၅၇ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၇ဝဝိ)ကျပ်၊ မတ်ပဲ(၂၀)ပိဿာ (၁)တင်းလျှင် ယခင်နေ့(၅၂ဝဝဝ)ကျပ်၊ ယနေ့(၅၃ဝဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁ဝဝဝိ)ကျပ်၊ စာတော်ပဲ(၂၀)ပိဿာ (၁)တင်းလျှင် ယခင်နေ့(၉၉ဝဝဝ)ကျပ်၊ ယနေ့(၁၀၀ဝဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁ဝဝဝိ)ကျပ်၊ ကုလားပဲ(929) (၁၉)ပိဿာ(၁)တင်းလျှင် ယခင်နေ့ (၄၇၀ဝဝ)ကျပ်၊ ယနေ့(၄၈၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၅၀ဝိ)ကျပ်၊ ကုလားပဲ (HL) (၁၉)ပိဿာ (၁) တင်းလျှင် ယခင်နေ့(၄၆၀ဝဝ)ကျပ်၊ ယနေ့(၄၇၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၁၅ဝဝိ)ကျပ်ကုလားပဲသေး (၁၉)ပိဿာ (၁) တင်းလျှင် ယခင်နေ့(၄၄၀ဝဝ)ကျပ်၊ ယနေ့(၄၄၅ဝဝ)ကျပ် စျေးဖြစ်သည့်အတွက် (၅ဝဝိ)ကျပ်အသီးသီးတို့စျေးတက်ခဲ့ကာ ကျန်ပဲမျိုးစုံစျေးများ အပြောင်းအလဲ မရှိဘဲ အရောင်းအဝယ် ဖြစ်လျှက်ရှိကြောင်းသိရှိရပါသည်။
ဖန်ခါးမြေကုန်သွယ်မှုဗဟိုဌာန